Say Hello app အင်္ဂလိပ်စာလေ့လာရန် icon

Say Hello app အင်္ဂလိပ်စာလေ့လာရန်

0.0.40 for Android
4.3 | 10,000+ ထည့်သွင်းရန်

WSE Hong Kong Limited

၏ဖော်ပြချက် Say Hello app အင်္ဂလိပ်စာလေ့လာရန်

အင်္ဂလိပ်စာကို အွန်လိုင်းပေါ်တွင် အခမဲ့ အလွယ်တကူ သင်ယူလေ့လာလိုပါသလား။ Wall Street English မှ အက်ပ်အသစ်ဖြစ်သည့် Say Hello ကို ယခုပဲ ဒေါင်းလုဒ်လုပ်ပြီး ကမ္ဘာအနှံ့မှ ဆရာများ၊ လေ့လာသင်ယူသူများနှင့်အတူ သင်ကိုယ်တိုင် ပါဝင်လေ့လာလိုက်ပါ။ နိုင်ငံခြား ဘာသာစကားအသစ် လေ့လာသင်ယူမှု အဆင့်ကို တိုးတက်အောင် သင်ယူလိုက်ပါ။
Say Hello မိုဘိုင်းအက်ပ်တွင် အွန်လိုင်းမှတစ်ဆင့် ဘာသာစကားများ လေ့လာသင်ယူရေးအတွက် ကျွန်ုပ်တို့၏ အများနှင့်မတူ တစ်မူထူးခြားသည့် နည်းလမ်းများကို လေ့လာနိုင်ပါလိမ့်မည်။ အခြားသော လေ့လာသင်ယူသူများ၊ ဆရာများနှင့်အတူ စကားပြောခြင်း၊ နားထောင်ခြင်း၊ ဝေါဟာရ အသစ်များနှင့် ရုပ်ပုံများကို နေ့စဉ် အကြောင်းအရာများတွင် လေ့လာခြင်းဖြင့် သဒ္ဒါနှင့် ဝေါဟာရပိုင်းဆိုင်ရာ လေ့ကျင့်မှုများကို လုပ်ဆောင်နိုင်ပါလိမ့်မည်။ ငြီးငွေ့စရာကောင်းသည့် ရှေးမူလ သင်ရိုးများကို နှုတ်ဆက်လက်ပြပြီး Wall Street English နှင့်အတူ အကျိုးသက်ရောက်အားကောင်းပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် အတူတကွ လေ့လာသင်ယူရေး အတွေ့အကြုံများကို ရယူလိုက်ပါ။
သင့်အဆင့်ကို ရွေးချယ်ပါ- ကနဦးအစ၊ အလယ်အလတ် သို့မဟုတ် အဆင့်မြင့်။ ဝေါဟာရ သဒ္ဒါအကြောင်း လေ့လာရန် အကြောင်းအရာကို ရွေးချယ်ပြီး စတင် လေ့လာသင်ယူပါ။ Say Hello သည် သင့်စကားပြောနှင့် အရေးစွမ်းရည်ကို ပိုမိုသက်သာစွာ လေ့ကျင့်နိုင်စေရန် အထောက်အကူဖြစ်စေမည့် လေ့လာသင့်သည့် အကြောင်းအရာကွဲများကို အကြံပြုသွားပါလိမ့်မည်။ ကမ္ဘာအနှံ့ရှိ အခြားသူများ အားလုံးနှင့်အတူ လေ့ကျင့်လေ့လာနိုင်ရန်အတွက် အော်ဒီယို၊ စာသားနှင့် ရုပ်ပုံများကို အသုံးပြုနိုင်ပါသည်။
Wall Street English သည် နိုင်ငံပေါင်း 28 နိုင်ငံကျော်တွင် ကျောင်းပေါင်း 400 ကျော်နှင့်
တစ်မူထူးခြားသည့် စာသင် နည်းလမ်းများဖြင့် အင်္ဂလိပ်စာကို လေ့လာနိုင်စေသည့် ကမ္ဘာ့ နာမည်ကျော် သင်တန်းအမည် ဖြစ်ပါသည်။ Wall Street English သည် သင့်ကဲ့သို့သော နိုင်ငံခြား ဘာသာစကားကို လေ့လာလိုသူ အသစ်များနှင့် ဆုံစည်းစေနိုင်မည့် သင့်မိုဘိုင်းမှတစ်ဆင့် အင်္ဂလိပ်စာ လေ့လာနိုင်ရန် ပြီးပြည့်စုံသည့် ပြောင်းလဲသင်ယူမှု နည်းလမ်းအသစ်ကို Say Hello အက်ပ်နှင့်အတူ ဖန်တီးပေးထားပါသည်။
SAY HELLO နှင့်အတူ အင်္ဂလိပ်စာ လေ့လာရသည့် အကျိုးကျေးဇူးများ
သင့်အဆင့်နှင့် ကိုက်ညီအောင် အထူးရေးဆွဲထားသည့် အင်္ဂလိပ်စာ သင်ခန်းစာများ
ပျော်ရွှင်လွယ်ကူစွာ သင်ယူနိုင်မည့် နည်းလမ်းများ။ စာသင်ခန်းတွင်းတွင် သင်လုပ်ဆောင်လိုလေ့ရှိသည့်အတိုင်း ဆရာများ၊ အခြားကျောင်းသားများနှင့် မက်ဆေ့ချ်များ အပြန်အလှန် ပေးပို့၍ ဆွေးနွေးနိုင်စေပါသည်။ ထို့နောက် "save for later" (နောင်အတွက် သိမ်းဆည်းမှု) လုပ်ဆောင်ချက်ကို သုံး၍ ပိုမို အသုံးဝင်၍ စိတ်ဝင်စားဖွယ်ကောင်းသော ပြောဆိုဆွေးနွေးမှုများကို သိမ်းထားနိုင်ပြီး နောင်သင်လိုအပ်ချိန်တိုင်းတွင် ၎င်းမှတ်စုများကို ထုတ်လေ့လာနိုင်စေပါသည်။
သင်အနှစ်သက်ဆုံး အကြောင်းအရာများကို နေ့စဉ်လေ့လာပါ
Say Hello ၏ သဒ္ဒါနှင့် ဝေါဟာရ အကြောင်းအရာများသည်- မိတ်ဆွေနှင့် မိသားစု၊ အိမ်၊ အလုပ်နှင့် ကမ္ဘာအနှံ့ရှိ နေရာများစသည့် သင့်နေ့စဉ်ဘဝမှ အကြောင်းအရာများကို ပုံများဖြင့် အသိအမှတ်ပြု သိရှိနိုင်စေပြီး စကားပြောဆို ဆွေးနွေးမှုများအတွက် အထောက်အကူ ဖြစ်စေသောကြောင့် အင်္ဂလိပ်စာကို ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်စေပါသည်။ အသုံးဝင်နိုင်သည့် သက်ဆိုင်ရာ စာကြောင်းများကို လေ့လာပါ။ အကောင်းဆုံး သင်ယူရေး နည်းလမ်းဖြစ်စေမည့် အကြောင်းအရာကောင်းများကိုသာ ပံ့ပိုးပေးထားပါသည်။
အင်္ဂလိပ်စာဖြင့် သင့်တန်ဖိုးကို ပြသလိုက်ပါ
Say Hello တွင် သင်ပြုလုပ်သမျှ အရာအားလုံးကို မှတ်တမ်းတင်ထားမည် ဖြစ်သောကြောင့် သင့်စွမ်းဆောင်ရည်ကို အမြဲမပြတ် ခြေရာခံနိုင်ပြီး ဘာသာစကားအသစ်တွင် သင်တိုးတက်လာပုံကို စောင့်ကြည့်နိုင်မည် ဖြစ်ပါသည်။ ပိုအဆင့်မြင့်သည့် အကြောင်းအရာများကို ကြိုးစားလေ့လာကြည့်ရန်အတွက် ဤနည်းလမ်းဖြင့် တစ်နေ့ပြီး တစ်နေ့ သင့်ကိုယ်သင် စမ်းသပ်နိုင်ပါသည်။ သမားရိုးကျ အင်္ဂလိပ်စာ သင်တန်းများ၏ ပြင်ပ အကြောင်းအရာများကို သုံးသပ် လေ့လာရန် အခြားသော နည်းလမ်းတစ်ရပ်လည်း ဖြစ်ပါသည်။
ကမ္ဘာအနှံ့ရှိ သင်နှင့် အခြားသူများမှ ထုတ်ဝေထားသည့် ပုံများ၊ စာသားများနှင့် အော်ဒီယိုများကို လေ့လာရန် မက်ဆေ့ချ်များသည် အပြော၊ အဖတ်၊ နားထောင်နိုင်စွမ်း၊ ရုပ်ပုံ အသိအမှတ်ပြုနိုင်စွမ်းနှင့် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် နည်းလမ်းများဖြင့် ဝေါဟာရ အသစ်များ လေ့လာနိုင်စေရန် ကူညီပေးပါသည်။
Say Hello သည် အင်္ဂလိပ်စာ ကျွမ်းကျင်မှု အဆင့်ကို အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်ရန်နှင့် ပိုမိုကောင်းမွန်လာစေရန် မျှော်လင့်နေသူများအတွက် အကောင်းဆုံး မိုဘိုင်း ဆိုလူးရှင်းတစ်ခု ဖြစ်ပါသည်။

ဘာအသစ်လဲ Say Hello app အင်္ဂလိပ်စာလေ့လာရန် 0.0.40

ဘာသာပြန်သစ်အသစ် - မွန်ဂို၊ တရုတ်၊ ပြင်သစ်၊ ဗမာနှင့်အင်ဒိုနီးရှား

သတင်းအချက်အလက်

  • အမျိုးအစား:
    ပညာရေး
  • နောက်ဆုံးမူကွဲ:
    0.0.40
  • အပ်ဒိတ်လုပ်ပြီး:
    2020-03-13
  • အရွယ်:
    15.6MB
  • Android လိုအပ်သည်:
    Android 4.3 or later
  • ဆော့ဖ်ဝဲရေးသားသူ:
    WSE Hong Kong Limited
  • ID:
    com.wallstreetenglish.sayhello
  • Available on: