ကိုယ်တိုင်ပေးလှူ ရေရှည်ကူ
ဖြေ ၁) We Pledge CDM ဆိုတာ CDM Fundraising ကို ရှေရှည်ကူညီ ဖြည့်ဆည်းပေးနိုင်ဖို့ တည်ဆောက်ထားတဲ့ ပလက်ဖောင်း တစ်ခုပါ။ ဒီပလက်ဖောင်းကတစ်ဆင့် CDM လှုပ်ရှားနေတဲ့ အစိုးရဝန်ထမ်းတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်းဆိုင်ရာမှာ ရေရှည်ကူညီပေးသွားမှာပါ။
ဖြေ ၂) We Pledge CDM မှာ အပိုင်း ၂ ခု နဲ့ ကူညီပေးသွားမှာပါ။
ပထမပိုင်းကတော့
https://cdmmyanmar.org ဆိုတဲ့ ယာယီ Website စာမျက်နှာတစ်ခု ဖြစ်ပါတယ္။ ဒီ Website စာမျက်နှာမှာ လှူဒါန်းသူတွေ အနေနဲ့ တကယ်လှူဒါန်းမှု မပြုလုပ်နိုင်ပေမယ့် တစ်နိုင်ငံလုံးက လှူဒါန်းလိုသူ အရေအတွက်နဲ့ လှူဒါန်းငွေ ကြိုတင် ကတိပြုမှုတွေကို ကိန်းဂဏန်းတစ်ခုအနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ဤကိန်းဂဏန်းတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ အစိုးရဝန်ထမ်းတွေကို စိတ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ လုံခြုံမှု ပေးနိုင်မည့် ကိန်းဂဏန်းတစ်ခုပါ။
ထို့ကြောင့် လှူဒါန်းလိုသူတွေအနေနဲ့ အခုပဲ Website လင့်ခ် (https://cdmmyanmar.org) ကို ဝင်ရောက်ပြီး မိမိတစ်နှစ်စာ လှူဒါန်းလိုသော ပမာဏကို ရွေးချယ်ကာ မိမိရဲ့ CDM လှုပ်ရှားမှုအပေါ် ကူညီပံ့ပိုးရာမှာ မည်မျှ စိတ်အားထက်သန်ကြောင်း ပြသဖို့ တိုက်တွန်းလိုပါတယ်။
ဒုတိယအပိုင်းကတော့ လှူဒါန်းသူနဲ့ လက်ခံသူအကြား တိုက်ရိုက် ငွေလွှဲလှူဒါန်းနိုင်မယ့် We Pledge CDM အက်ပလီကေးရှင်း ဖြစ်ပြီး မကြာမီ အချိန်အတွင်း အက်ပလီကေးရှင်း အသုံးပြုပုံကို အားလုံးနဲ့ မိတ်ဆက်ပေးသွားမှာပါ။
ဒီအက်ပလီကေးရှင်းဟာ CDM လှုပ်ရှားသူတွေကို ငွေကြေးပိုင်းဆိုင်ရာ အထောက်အပံ့ပေးနိင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို စုစည်းထားပြီးတော့ လှူဒါန်းလိုသူများအနေနဲ့ တိုက်ရိုက် လှူဒါန်းလို့ရအောင် ကြားကနေ ကူညီပေးတဲ့ အက်ပလီကေးရှင်း ပလက်ဖောင်းအနေနဲ့ ကူညီပေးသွားမှာပါ။
ဖြေ ၃) ဒီ အက်ပလီကေးရှင်းမှာ ရည်ရွယ်ချက် ၅ ခု ရှိပါတယ်။
၁။ ရေရှည်ဖြစ်လာမယ့် Civil Disobedience လှုပ်ရှားမှုအတွက် ပြည်သူအများမှ လက်ခံသူများကို လစဥ် မျှဝေ ကူညီထောက်ပံ့ နိုင်စေဖို့။
၂။ Fund တွေ လက်ခံထားတဲ့ ဘဏ်အကောင့်တွေဟာ အချိန်မရွေး ရပ်တန့်ခံရနိုင်တာကို ကျော်လွှားနိုင်ဖို့။
၃။ လှူဒါန်းသူအနေနဲ့ အများပြည်သူကို သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မပြသချင်ရင် မပြဘဲနေနိုင်အောင် ကာကွယ်ပေးနိုင်ဖို့။
၄။ လှူသူနဲ့
CDM လုပ်နေတဲ့ လက်ခံသူကြားမှာ ကြားခံမရှိပဲ တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ဖို့။
၅။ ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရန်အတွက် CDM မှာ ပါဝင်လှုပ်ရှားနေတဲ့သူတွေရဲ့ အချက်အလက်ကို တိတိကျကျ တည်ဆောက်ဖို့။
မေး ၄) We Pledge CDM App ကို ဘယ်လို ရယူနိုင်မလဲ? ဘယ်တော့ စသုံးလို့ ရမလဲ?
ဖြေ ၄) We Pledge CDM App ကို ဒေါင်းလုတ်ဆွဲရယူနိုင်မယ့် လင့်ခ်တွေ နဲ့ Official Store များမှ ရယူပုံတွေကို မကြာမီအတွင်း We Pledge CDM Facebook Page မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ စတင်အသုံးပြုနိုင်မယ့် ရက်စွဲကိုလည်း ပူးတွဲ ကြေညာပေးသွားမှာပါ။
မေး ၅) App အသုံးပြုလမ်းညွန် (User Guide) နဲ့ အသုံးပြုပုံ အဆင့်များ
ဖြေ ၅) အက်ပလီကေးရှင်း မထွက်သေးခင်မှာ အသုံးပြုပုံကို အကြမ်းဖျဥ်း ရှင်းပြလိုပါတယ်။
၁။ We Pledge CDM အက်ပလီကေးရှင်းမှာ စိစစ်ထားတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ CDM လှုပ်ရှားနေတဲ့ အစိုးရ ဝန်ထမ်းအဖွဲ့ဝင်တွေရဲ့ ဖုန်းနံပတ်တွေ ထည့်သွင်းထားပါမယ်။ (ငွေလွှဲဖို့ လိုအပ်တဲ့ ဖုန်းနံပါတ်က လွဲပြီး ဝန်ထမ်းများရဲ့ အခြား အချက်အလက်များ ပါဝင်မှာ မဟုတ်ပါ။)
၂။ လှူဒါန်းလိုသူဟာ အက်ပလီကေးရှင်းထဲ ဝင်ရောက်ပြီး Mobile Payment တစ်မျိုးမျိုးဖြင့် ငွေလွှဲလို့ ရပါတယ်။
၃။ လွှဲတဲ့အခါမှာ တစ်ဦးခြင်းစီရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရည်ရွယ်တဲ့အတွက်
ဖုန်းနံပါတ်တစ်ခု (တစ်ဦးတစ်ယောက်) ဆီကို တစ်သောင်းစီသာ လွှဲလို့ရမှာ ဖြစ်ပါတယ်။
၄။ တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် မှ အများဆုံး ဆယ်ကြိမ် လွှဲလို့ရပါတယ်။ တစ်ကြိမ်မှာ တစ်သောင်းလွှဲခွင့်ရှိတဲ့အတွက် အများဆုံးအကြိမ်ရေ ဆယ်ခါလွှဲရင် တစ်နေ့မှာ တစ်သိန်းအထိ လွှဲလို့ ရပါတယ်။ ရွေးချယ်တဲ့ ပမာဏအပေါ်မူတည်ပြီးတော့ ဘယ်ဖုန်းနံပါတ်တွေကို လွှဲရမလဲဆိုတာကို အက်ပလီကေးရှင်းမှာ အလိုအလျောက် ပြသပေးမှာ ဖြစ်ပါတယ်။ (ဥပမာ နှစ်သောင်း ထောက်ပံ့ရင် ဖုန်းနံပါတ် နှစ်လုံး၊ ငါးသောင်းဆို ဖုန်းနံပါတ် ငါးလုံး)
၅။ ကူညီထောက်ပံ့သူအနေနဲ့ ကိုယ်ကြိုက်နှစ်သက်သလောက် တစ်သောင်းမှ တစ်သိန်းအထိ နေ့စဉ် လွှဲပြီး ကူညီနိုင်ပါတယ်။
We Pledge CDM အဖွဲ့က လစဉ် ရေရှည်ထောက်ပံ့သွားဖို့ ရည်ရွယ်တဲ့ လူအများစုအတွက် အာရုံစိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လိုအပ်ချက်များကိုလည်း သင့်တော်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ We pledge CDM အက်ပလီကေးရှင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ အကြောင်းအရာများကို သိရှိနိုင်ဖို့ We pledge CDM Facebook Page ကို Like & Follow လုပ်ထားပါ။
Participate for long term success of CDM.